Overview

Junior Executive Assistant (Jr. Personal Assistant to Executive Director) Jobs in Yangon, Myanmar at Super Seven Stars Group of Companies

Title: Junior Executive Assistant (Jr. Personal Assistant to Executive Director)

Company: Super Seven Stars Group of Companies

Location: Yangon, Myanmar

Key Responsibilities (အဓိကလုပ်ငန်းတာဝန်များ)

  • Calendar & Schedule Management: နေ့စဉ် ချိန်းဆိုမှုများ၊ အစည်းအဝေးများနှင့် ခရီးစဉ်များကို စနစ်တကျ မှတ်တမ်းတင်ခြင်းနှင့် သတိပေးခြင်း။
  • Communication & Correspondence: ဝင်လာသော ဖုန်းခေါ်ဆိုမှုများ၊ အီးမေးလ်များနှင့် စာရွက်စာတမ်းများကို စစ်ဆေးပေးခြင်း၊ သက်ဆိုင်ရာဌာနများသို့ လွှဲပြောင်းပေးခြင်းနှင့် အခြေခံအီးမေးလ်များကို အကြောင်းပြန်ခြင်း။
  • Documentation & Filing: ရုံးတွင်း စာရွက်စာတမ်းများ၊ စာချုပ်များနှင့် အရေးကြီး အချက်အလက်များကို လုံခြုံစိတ်ချရပြီး ရှာဖွေရလွယ်ကူအောင် စနစ်တကျ ဖိုင်တွဲသိမ်းဆည်းခြင်း (Filing System)။
  • Meeting Support: အစည်းအဝေးအတွက် လိုအပ်သော အခန်း၊ ပစ္စည်းများနှင့် စာရွက်စာတမ်းများ ကြိုတင်ပြင်ဆင်ခြင်း။
  • အစည်းအဝေး ဆုံးဖြတ်ချက်မှတ်တမ်းများ (Minutes of Meeting) ကို လိုက်လံမှတ်တမ်းတင်ခြင်း။
  • Travel Arrangements: ပြည်တွင်း/ပြည်ပ ခရီးစဉ်များအတွက် လေယာဉ်လက်မှတ်၊ ဟိုတယ်နှင့် သွားလာရေးယာဉ်များ ကြိုတင် Booking ပြုလုပ်ပေးခြင်း။
  • General Administration: ရုံးသုံးပစ္စည်းများ မပြတ်လပ်အောင် အမြဲစစ်ဆေးပြီး မှာယူပေးခြင်း။
  • အထက်လူကြီးမှ ပေးအပ်သော ဆိုင်ခွဲများ/ ရုံးခွဲများ၏အထွေထွေ စီမံခန့်ခွဲရေး တာဝန်များကို ကူညီဆောင်ရွက်ပေးခြင်း။

Job Requirements (အရည်အချင်းသတ်မှတ်ချက်များ)

Education & Experience (ပညာအရည်အချင်းနှင့် လုပ်ငန်းအတွေ့အကြုံ)

  • တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိထားသူ ဖြစ်ရမည်။ (Diploma in Business Administration သို့မဟုတ် စီမံခန့်ခွဲမှုသင်တန်းဆင်းလက်မှတ် ရှိသူများ ဦးစားပေးမည်။)
  • Executive Assistant, PA သို့မဟုတ် ရုံးလုပ်ငန်း (Admin) ပိုင်းတွင် လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး (၁) နှစ်မှ (၂) နှစ်အထိ ရှိရမည်။ (Fresh Graduate ဖြစ်သော်လည်း သင်ယူလိုစိတ်ရှိပြီး အရည်အချင်းရှိပါက စဉ်းစားပေးမည်။)
  • Skills & Competencies (ကျွမ်းကျင်မှုနှင့် စွမ်းဆောင်ရည်)

    • Language Skills: မြန်မာစာ (အရေး/အဖတ်/အပြော) ကျွမ်းကျင်ရမည့်အပြင် အခြေခံအီးမေးလ် ရေးသားနိုင်ပြီး လုပ်ငန်းခွင်ပြောဆိုနိုင်သော အင်္ဂလိပ်စာအဆင့် (Elementary to Intermediate) ရှိရမည်။
    • Computer Literacy: Microsoft Office (Word, Excel, PowerPoint) နှင့် Internet/Email, Cloud Storage (Google Drive, OneDrive) တို့ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ရမည်။
    • Communication Skills: ရုံးတွင်းဝန်ထမ်းများ၊ အပြင်လူများနှင့် ယဉ်ကျေးပျူငှာစွာ ဆက်သွယ်ပြောဆိုနိုင်ပြီး ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်ရမည်။
    • Time Management: အလုပ်များကို ဦးစားပေးအလိုက် (Priority) ခွဲခြားလုပ်ကိုင်နိုင်ပြီး အချိန်တိကျသူ ဖြစ်ရမည်။
  • Personal Attributes (ကိုယ်ရည်ကိုယ်သွေး)

    • ကုမ္ပဏီနှင့် အထက်လူကြီး၏ လျှို့ဝှက်ချက်များကို စိတ်ချယုံကြည်စွာ ထိန်းသိမ်းနိုင်သူ ဖြစ်ရမည် (Confidentiality)။
    • အသေးစိတ် ဂရုစိုက်တတ်ပြီး သွက်လက်ချက်ချာစွာဖြင့် ပြဿနာများကို ဖြေရှင်းနိုင်စွမ်း ရှိရမည်။
    •   စိတ်ရှည်ရမည်။
    Upload your CV/resume or any other relevant file. Max. file size: 800 MB.